Wednesday, October 24, 2012

မြောက်ဦး/မင်းပြားပဋိပက္ခကြောင့် ဒဏ်ရာရသူအချို့ စစ်တွေဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေ

Posted by drmyochit Wednesday, October 24, 2012, under | No comments



မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒဏ်ရာရသူ (၃)ဦး စစ်တွေ ဆေးရုံတွင် ဆေးဝါး ကုသခံမှုနေရကြောင်း သိရသည်။  “မနေ့က ည ၂နာရီမှာ သူတို့ရောက်တယ်၊ သုံး ယောက်ပါ၊ သူတို့ကိုယ်ခန္ဓာပေါ်မှာ ဒဏ်ရာတွေနဲ့ တစ်ယောက် ကတော့ အောက်ပိုင်းသေသွားပြီ၊ အာရုံ ကြောလည်း မကောင်း တော့ဘူး”ဟု စစ်တွေဆေးရုံကြီးမှ သူနာပြုဆရာ မတစ်ဦးက ပြောသည်။


 ဒေသခံများ၏ အဆိုအရ ပဋိပက္ခကြောင့် သေဆုံးသူ (၅)ဦးနှင့် ဒဏ်ရာရသူ(၉) ဦးရှိသွားပြီဟု သိရသည်။ စစ်တွေမြို့ဆေးရုံကြီးတွင် ဆေးဝါးကုသခံယူနေကြသူများမှာ  ဦးစိန်သာအောင်အသက်(၆၀) (လည်ပင်း ဒဏ်ရာရ  အောက်ပိုင်းသေ)၊မောင်မောင်ခိုင် (အသက် ၃၀) ကျောကုန်းဓါးဒဏ်ရာရ၊   မောင်သာကုန်း ကျေးရွာ၊  မောင်ထွီးစိန် (၂၅)နှစ်၊ ၀ဲဘက်ဗိုက်မှ ကျောသို့ ပေါက်ထွက်သည့် လှံဒဏ်ရာ၊ ကျောင်းတောင် ရွာ) တို့ဖြစ်သည်။

  ပဋိပက္ခ ကြောင့် လူနာတစ်ချို့မှာလည်း မြောက်ဦးမြို့မှ စစ်တွေဆေးရုံကြီးသို့ ဆေးဝါးကုသရန် လာရောက်နေကြောင်း သိရသည်။ ယမန်နေ့ညက မင်းပြားမြို့နယ်ရိုင်သာရွာ ဘုန်းကြီးကျောင်းအား မီးရှို့ ဖျက်စီးရာ လူ(၅)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရှိခဲ့ခြင်း ဖြစ်သည်။ မင်းပြားနှင့် စစ်တွေကြား၌ မြောက်ဦးနှင့် ကျောက်တော်မြို့ တို့တည်ရှိသည်။ 
 
  မြစ်မခမီဒီယာ
 မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်