Wednesday, October 24, 2012

KNU ညီလာခံကျင်းပပြီး ခေါင်းဆောင်သစ်ရွေးမည်

Posted by drmyochit Wednesday, October 24, 2012, under | No comments

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဗဟိုကော်မတီဝင်များက လာမည့် ကြာသပတေးနေ့တွင် အထူး အရေး ပေါ်အစည်း အဝေး ကျင်းပပြီး မကြာသေး မီက ထုတ်ပယ် လိုက်သည့် ထိပ်တန်း ခေါင်းဆောင် တို့ကို မူလ တာဝန်များ ပြန်လည် ခန့်အပ်ရေး အပါအ၀င် အဖွဲ့ အတွင်း ဖြစ်ပေါ် နေသည့် အခြေ အနေ များကို ဆွေးနွေး ညှိနှိုင်း ကြမည်ဟု သိရသည်။


ယမန် နေ့က စတင်ပြီး KNU ဘားအံခရိုင်၊  လေးဝါးတပ်စခန်းတွင် ၂ ရက်ကြာပြုလုပ်ခဲ့သည့်  ပြည်လည် ရင်ကြား စေ့ရေး ဆွေးနွေးပွဲတွင်  ပြဿနာများကို ညှိနှိုင်းခဲ့ကြပြီး သဘောတူညီချက်တချို့ ရရှိခဲ့သည်ဟု ဆိုသည်။ အဖွဲ့၏ကြီး ၅ ကြီးနှင့် ထုတ်ပယ်ခံများကိုထောက်ခံသည့် ဗဟိုအဆင့်ခေါင်းဆောင်အချို့တို့ကြား ထိုသို့ သဘောတူညီချက်ရရှိခဲ့ကြခြင်း ဖြစ်သည်။

ကြီး ၅ ကြီးတွင် KNU ဒုဥက္ကဌ ပဒိုဒေးဗစ်သကဘော၊ အထွေထွေအတွင်းရေးမှူးနော်စီဖိုးရာစိန်၊ တွဲဘက် အတွင်း ရေးမှူး များဖြစ်သည့် ပဒိုလှငွေ၊ ပဒိုဒေါ့လေးမူတို့ ပါရှိပြီး၊ တဘက်မှဒူးပလာယာခရိုင် ဥက္ကဌ ပဒိုရွှေ မောင်း၊ ဘိတ်/ထားဝယ် ဥက္ကဌ ပဒိုကွယ်ထူးဝင်းနှင့် ပဒိုရောဂျာခင်၊ ပဒိုလေးလော်ဆော၊ ပဒိုထူးထူးလေးတို့ တက်ရောက် ခဲ့ကြသည်။

ဆွေးနွေး ပွဲကို ကြားနေသဘာပတိအဖြစ် KNU ဗဟိုတရားသူကြီးချုပ် ပဒိုမန်းရင်စိန်က ဆောင်ရွက်ပြီး သဘာ ပတိ အဖွဲ့ဝင်များ အဖြစ် တပ်မဟာ ၅ မှူးဗိုလ်မှူးချုပ်ဘောကျော်ဟဲ၊  အမှတ် ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂျော်နီနှင့် ဘာသာရေးဆရာတဦးက ဆောင်ရွက်ခဲ့ကြသည်။

သဘောတူညီချက်များအရ  ဗဟိုအမြဲတမ်းကော်မတီ အထူးအစည်းအဝေးအပြီး  ၁၄ ကြိမ်မြောက် ညီလာ ခံ သက်တမ်း၏ နောက်ဆုံးဗဟိုကော်မတီအစည်းအဝေးကို ကျင်းပခြင်း၊ ထို့နောက် ၁၅ ကြိမ်မြောက် KNU ညီလာခံကို ဆက်လက် ကျင်းပခြင်း စသည်တို့ ပေါ်ပေါက်လာမည် ဖြစ်သည်။ လာမည့်နှစ်များတွင် တာဝန် ယူမည့် KNU  ခေါင်းဆောင်သစ်တို့ကို ညီလာခံတွင် ရွေးချယ်သွားမည်ဖြစ်သည်။

လက်ရှိ KNU ဥက္ကဋ္ဌမှာ ဗိုလ်ချူပ်ကြီး တာမလာဘော ဖြစ်သည်။ KNU တွင် ဗဟိုကော်မတီဝင် ၃၀ နှင့် အရံ ဗဟို ကော်မတီဝင် ၁၅ ဦး ရှိပြီး ၎င်းတို့အားလုံး ကြာသပတေးနေ့ အထူး အရေးပေါ် အစည်း အဝေး အပါ အ၀င်၊  ဗဟို ကော်မတီ အစည်း အဝေးနှင့် ၁၅ ကြိမ်မြောက် ညီလာ ခံကို တက်ရောက် ကြမည်ဖြစ်သည်။

ဗဟို၏ ခွင့်ပြုချက် မပါဘဲ ကရင်ပြည်နယ် ဘားအံ မြို့တွင် KNU ဆက်ဆံ ရေးရုံး သွားရောက် ဖွင့်လှစ်ခံ ရာ တွင် ဦးဆောင် သူများ ဖြစ်သည့် ဗိုလ်ချုပ်ကြီး မူတူး စေးဖိုး၊ ဗဟို တရားရေး ဌာန တာဝန်ခံ ပဒိုဒေး ဗစ်ထော၊ ဗဟို လူမှု ၀န်ထမ်းနှင့် ကယ်ဆယ်ရေး ဌာန တာဝန်ခံ ပဒို ရောဂျာခင် တို့ကို အဖွဲ့၏ စည်းမျဉ်း စည်းကမ်းများ အကြိမ်ကြိမ် ဖောက်ဖျက် မှုဖြင့် KNU ဗဟိုက ယခုလ ၂ ရက်နေ့ ရက်စွဲဖြင့် တာဝန်များမှ ရပ်စဲ လိုက်သည့် အပြင် အဖွဲ့ဝင် အဖြစ်မှလည်း ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပယ်မှုကို အဖွဲ့အတွင်း ထောက်ခံ သူများနှင့် မထောက် ခံသူများ ပေါ်ပေါက် လာပြီး  သဘောထား တင်းမာမှုများ ဖြစ်ပေါ် လျက်ရှိ သည့်အတွက် ယခုလ ၈ ရက်နေ့မှ စတင် ကျင်းပမည့်  ဗဟို ကော်မတီ အစည်း အဝေး နှင့် ၁၅ ကြိမ်မြောက် ညီလာခံ တို့ကို ရက်ရွှေ့လိုက် ရခြင်း ဖြစ်သည်။

ထုတ်ပယ်ခံ ရသူများ အနက် ပဒိုဒေးဗစ်ထော မှာယခုလ ၁၄ ရက်နေ့က အဆုတ် ရောဂါဖြင့် ရန်ကုန်မြို့ရှိ မင်္ဂလာ စစ်ဆေး ရုံကြီးတွင် ကွယ်လွန်ခဲ့ပြီး ၎င်း၏ ဈာပန အခမ်းအနားကို ယခုလ ၁၇ ရက်နေ့က KNU စစ်ရုံး တည်ရှိရာ လှိုင်းဘွဲ မြို့နယ်ရှိ သေဘေထာ့ တပ်စခန်းတွင် ကျင်းပကာ ဂူသွင်း မြုပ်နှံခဲ့သည်။


(ဧရာဝတီ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်