Wednesday, October 24, 2012

ယနေ့  ည ၅ နာရီမှ ၁၀ နာရီထိ ရရှိသောသတင်းများ အခြေအနေဆိုးဝါး လျှက်ရှိနေ

Posted by drmyochit Wednesday, October 24, 2012, under | No comments



5:12 နာရီ မင်းပြားမြို့ သတင်း
-----------
သာစည်ကျေးရွာတွင် ရခိုင်များ ဖမ်းပြီ
-------------------------------------------
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာစည်ကျေးရွာ အရေးအခင်းတွင် ရခိုင်သားလူအယောက် (၂၀) ကျော် လောက် အဖမ်းခံ ရတယ်လို့ သိရရှိခဲ့ပါသည်။ မင်းပြားမြို့ရှိ ထွေအုပ် ရုံးရှေ့တွင် အဖမ်း ခံရသူ များကို လွတ်ပေး ဖို့အတွက် မင်းပြားမြို့မှ မိန်းမထောင်ကျော် သွားရောက် ဆန္ဒ ထုတ်ဖော် လျှက်ရှိပါသည်။ 


6း15 နာရီ မြောက်ဦးသတင်း
-----------------------------
မြောက်ဦးမြို့ဆေးရုံတွင် ဒါဏ်ရာ ဖြင့်ရောက်ရှိ နေသော လူနာ နှစ်ဦးမှာ ဒါဏ်ရာ အခြေ အနေပြင်း ထန်သ ဖြင့် စစ်တွေ ဆေးရုံသို့ ယနေ့ညနေပိုင်း ၆ နာရီဝန်းကျင်မှစတင်ပြီး စစ်တွေဆေးရုံသို့ရေလမ်းခရီးဖြင့် ပို့ဆောင် ပေး ရန် စီစဉ်နေပြီဖြစ်ကြောင်းမြောက်ဦးမြိ့ RSV သတင်းထောက်မှပေးပို့ပါသည်။ ယနေ့ နံနက်ပိုင်း 1 နာရီကျော် တွင် ရောက်ရှိခဲ့သော လူနာသုံးဦးအနက် တစ်ဦးမှာ စိုးရိမ်ရဖွယ်ရှိကြောင်းလည်း သိရသည်။

၆း၂၄ နာရီ သတင်း
-------------
မင်းပြားမြို့တွင် ထွေအုပ်ရုံးတွင် ဆန္ဒပြ လူအပ်သည် ယခုအခါ လူစု ကွဲပြီး မိမိတို့ နေအိမ်များသို့ ပြန်လာ လျှက်ရှိကြ သည်ဟု သိရှိရပါသည်။ ရခိုင်ပြည် အစိုးရ ၀န်ကြီးချုပ် ဦးလှမောင်တင်မှ မိမိတို့ လုံခြုံရေးမှ ဖမ်းဆီး ထားသူ များ ရှိလျှင် သူကိုယ်တိုင်လွတ်ပေးမည်ဟု ကတိပေးခဲ့ကြောင်းကို ဆန္ဒပြ လူအုပ်ထဲမှ RSV သ တင်း ထောက်မှ သတင်းပေးပို့ခဲ့ပါသည်။ မင်းပြားမြို့နယ် သာစည်ကျေးရွာ အရေးအခင်းမှ ရခိုင် အယောက် (၂၀) ပတ်ဝန် ကျင်လောက် အဖမ်းခံခဲ့ရသည်ဟု မင်းပြားမြို့ လူထုမှ သတင်းရရှိခဲ့သော ကြောင့်ယခုလို မင်းပြားမြို့ရှိ မြို့သူ/ သားများက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ပါသည်။

၇း၀၀ နာရီသတင်း
မြောက်ဦးမြို့နယ်မှ ဒါဏ်ရာပြင်း ထန်းသူများ အားစစ်တွေဆေး ရုံသိုပို့ရန် ဆက်လက်စီစဉ်
----------------------------------------
မြောက်ဦးမြို့ နယ်တွင် ယနေ့တွင် ဒါဏ်ရာ ရသူ ဦးရေမှာ (၄)ဦး ရှိပြီး သေဆုံးသူ တစ်ဦးရှိ ကြောင်း သက် ဆိုင်ရာ စာရင်း အရ သိရသည်။ ယနေ့ ညနေ အစောပိုင်းတွင် ဒါဏ်ရာ ရသူ(၂)ဦး အားစစ်တွေ ဆေးရုံသို့ လွှဲပြောင်း ရန်စီစဉ်ခဲ့သည်။ သို့ရာတွင် မြောက်ဦး ဆေးရုံသို့ ထပ်မံရောက်ရှိလာသော လူနာများမှာ ပြင်းထန်လွန်း သဖြင့် စစ်တွေ ဆေးရုံ သို့ ဒါဏ်ရာရသူများ(စစ်တွေဆေးရုံသို့ ပို့ဆောင်းပေးသည့်ဦးရေအတိအကျကို ဆက်လက် အ တည်ပြု ပေး ပါမည်)အား(အစောပိုင်း(၂)ဦးနှင့်အတူ တစ်ပေါင်းတည်း) လွှဲပြောင်းပေးရန် စီစဉ် ရခြင်း ဖြစ်ကြောင်း သိရသည်။ 

' ဒါဏ်ရာပြင်းထန်သူများမှာ ဦးအောင်ကျော်မြ(ဓားဒါဏ်ရာ၊ စိုးရိမ်ရ)အား သွေး(၂) ပုလင်းသွင်း ရပြီး၊ ညီဝင်း (ဦးခေါင်း သေနတ်ဒါဏ်ရာ) သွေး(၁)ပုလင်းသွင်းပြီး ဆေးရုံသို့ရေလမ်းဖြင့်ပို့ဆောင်ရန် စီစဉ် နေပြီ ဖြစ် ကြောင်း သိရသည်။ သေဆုံးသူမှာ ဦးခေါင်း နဖူးတည့်တည့်တွင် ကျည်ဒါဏ် ကြောင့် သေဆုံးခဲ့ သည်ဟု မြောက်ဦးမြို့ RSV သတင်းထောက်မှ ပေးပို့လာပါသည်။

ဆက်လက်ပြီး မြောက်ဦးမြို့ခံ သတင်းများ အရ မြောက်ဦး ဆေးရုံသို့ မပို့ပဲ စစ်တွေ ဆေးရုံသို့ တိုက်ရိုက် ပို့သူများ လည်းရှိ ကြောင်းကြား သိရသော်လည်း ယခုအချိန်ထိ စစ်တွေဆေးရုံတွင် ယနေ့နံနက်ပိုင်း က ရောက်ရှိ ခဲ့သော ဒါဏ်ရာရ (၃)ဦးမှ လွဲပြီး ကျန်ဒါဏ်ရာရရှိသူများမှာ ရောက်ရှိခြင်းမကြောင်းသိရသည်။

၈း၄၀ နာရီ သတင်း
------------------
၂၃.၁၀.၂၀၁၂ ရက် ညနေ့ဖက် ၇း၄၅ နာရီတွင် ယိုင်သည်ကျေးရွာ အရေးအခင်း၌ ခုခံကာ ကွယ်ရင်း အပြင်း အထန် ရရှိခဲ့ သည့် မြောက်ဦး မြို့နယ် လက်ပံတော အုပ်စု၊ အထုပ်သည်မ ကျေးရွာမှ မောင်ကျော် မောင်ချေ၊ အသက် (၂၂)နှစ်သည် စစ်တွေမြို့ ပြည်သူ ဆေးရုံးသို့ ရောက်ရှိ လာပါ သည်။ လူနာမှာ ဘယ်ဖက် ခြေထောက်တွင် ဒဏ်ရာ ပြင်ထန်းစွာ ရရှိခဲ့ပြီး စစ်တွေမြို့ ပြည်သူ့ ဆေးရုံးကြီး တွင် သွေးသွင်း ထားရ ပါသည်။ ယခုအခါ စစ်တွေမြို့ ပြည်သူ့ဆေးရုံးကြီးတွင် ဘင်္ဂလီ-ရခိုင်အရေး အခင်း ကြောင့် လူနာ (၄) တိတိ ဆေး ကုသခံ ယူလျှက်ရှိပါသည်။ထို့ပြင် ညနေ ၆း၀၀ နာရီမှ မြောက်ဦးပြည်သူ့ဆေးရုံးမှ စစ်တွေပြည်သူ့ဆေးရုံ သို့ နောက်ထပ် အရေးပေါ် လူနာ (၂) ယောက် ထပ်ရောက်လာလိမ်မည်ဟု မြောက်ဦးမြို့ RSV သတင်းထောက်မှ သတင်းပို့ လာပါသည်။

၈း၄၅ နာရီသတင်း
မြောက်ဦး မြို့နယ် တွင် ဒါဏ်ရာ ရသူများ အရေ အတွက် တိုးလာ
------------------------------------------
ယခု နောက်ဆုံး ရရှိသော စာရင်းအရ မြောက်ဦး ဆေးရုံသို့ ညနေ ၇း၀၀ နာရီနှင့် ၈း၀၀ ပတ်ဝန်းကျင်တွင် ဒါဏ်ရာ အပြင်း အထန်ဖြင့် လူ (၂)ဦး ထပ်မံ ရောက်ရှိ ခဲ့ကြောင်း သိရသည်။ အဆိုပါ (၂)နှစ်ဦးမှာ စူးဒါဏ် ရာနှင့် ဓားခုတ်ဒါ ဏ်ရာတို့ အသီးသီး ရရှိခဲ့ပြီး ဒါဏ်ရာ အခြေ အနေမှာ စိုးရိမ်ရသော အနေ အထား တွင်ရှိကြောင်း သိရသည်။ တစ်ဦးမှာမှာ အဆုတ်ထိ ဖောက်ဝင် သွားသည်ဟု ယူဆရကြောင်းလည်း သိရသည်။ ယနေ့ညနေပိုင်း တွင် စစ်တွေသို့ ပို့ဆောင်ကုသပေးသည့် ဒါဏ်ရာပြင်းထန် လူနာစာရင်းမှာ (၄)ဦး ဖြစ်ကြောင်း သိရပြီး ယခုနောက် ဆုံး ရောက်ရှိလာသည့် လူနာ နှစ်ဦး အားလည်း စစ်တွေ ဆေးရုံသို့ ပို့ဆောင်မည့် အခြေ အနေတွင် ရှိကြောင်း မြောက်ဦးမြို့ RSV သတင်းထောက်မှ ပေးပို့ပါသည်။ ယခု နောက်ဆုံး သတင်း ပေးပို့ချက် အရ မြောက်ဦး မြို့နယ်တွင် ဒါဏ်ရာရဦးရေမှာ (၆)ဦးရှိပြီး၊ သေဆုံးသူမှာ (၁)ဦး ရှိကြောင်း သက်ဆိုင်ရာ စာရင်း များ အရ သိရှိရပါသည်။

ည(၉း၃၀)သတင်း
------------------
ကျောက်ဖြူ မြို့တွင် ပြဿနာ တစ်စုံ တစ်ရာ ဖြစ်နေပြီ ဖြစ်ကြောင်း ကျောက်ဖြူ မြို့ခံသား များ၏ FB စာ မျက် နှာအရ သိရှိရ ပါသည်။ အဆိုပါ ဖြစ်ရပ် များကို RSV မှလည်း အချိန်နှင့် တပြေးညီ ဖော်ပြပေး နိုင်ရန် အတွက် ကြိုးစား ဆောင်ရွက်လျှက် ရှိနေ ပါသည်။ သတင်းမှန် ရရှိပါက အချိန်နှင့် တပြေးညီ ဆက်လက် ဖော်ပြပေး သွား မည် ဖြစ်ပါကြောင်း အသိပေး အပ်ပါသည်။

ည(၁၀း၀၀)နာရီသတင်း
---------------------------
မြေပုံမြို့နယ်၊ တောင်ပေါ် ရပ်ကွက်တွင် လွန်ခဲ့သည့် (၁)နာရီခန့်မှ စတင်ပြီး မီးလောင် ကျွမ်းနေကြောင်း မြေပုံမြို့မှ ဆရာတော် ဦးဣန္ဒာစာရမှ RSV၏ မေးလျှောက်မှုကို မိန့်ကြား တော်မှုခဲ့ပါသည်။ အဆိုပါ မီးလောင် ကျွမ်းမှုမှာ ဘင်္ဂလီကုလားများ မီးရှို့ခြင်းဖြစ်ကြောင်းနှင့် မြေပုံမြို့နယ်တွင် မီးသတ် ကားတစ် စီးတည်း ရှိသောကြောင့် မြို့တွင်းသို့ မီးမကူးစက်စေရန် မြို့ခံသားများက ၀ိုင်းဝန်း ကြိုးပမ်း နေရကြောင်း လည်းသိရသည်။ မီးမှာ ဆက်လက် လောင်ကျွမ်း လျှက်ရှိ ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်