Wednesday, October 24, 2012

မြောက်ဦးမြို့အဓိကရုဏ်းအတွင်း ၈ဦးသေဆုံး ၁၀ ဦးထက်မနည်းဒဏ်ရာရ

Posted by drmyochit Wednesday, October 24, 2012, under | No comments


မင်းပြားနှင့်မြောက်ဦးမြို့နယ်အတွင်း လွန်ခဲ့သည့် တနင်္ဂနွေနေ့မှ စတင်ဖြစ် ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ယနေ့အထိ သေဆုံးသူဦးရေ ၈ ဦးရှိပြီဖြစ်ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိနေကြောင်း အာရ်ကန်တိုင်းမ်စ်မှ စုံစမ်းမေးမြန်းချက်အရ သိရသည်။
အဓိကရုဏ်းအတွင်းကျဆုံးသွားသူများမှာ ကိုအောင်မိုး၊ ကိုညီပု၊ ဦးသာကျော်၊ ကိုသိန်းထွန်းလှနှင့် ကိုအောင်မြင့် တို့သည် ပရိန်ကုန်းရွာ အဓိကရုဏ်းထဲတွင် သေးဆုံးခဲ့ရပြီး ကိုအောင်မိုး၏ အလောင်းကို သာပြန်လည် ရရှိ၍ ကျန် ၄လောင်းကို ယခုအချိန်ထိ မရရှိသေးပေ။



ယိုင်သည်ရွာ အဓိကရုဏ်း၌ နဖူးတွင် သေနပ်ဒဏ်ရာဖြင့် မောင်ခိုင်ဦးသည် မြောက်ဦးဆေးရုံတွင် သေဆုံးခဲ့ ရကြောင်း၊ ဓါးဒဏ်ရာဖြင့် ကိုဖြူမောင်ထွီးသည် မင်းပြားဆေးရုံတွင် သေးဆုံးခဲ့ရကြောင်း၊ ဒဏ်ရာရ သူထဲမှ ဦးမောင်လုံးချေမှာ စစ်တွေဆေးရုံတွင် ကွယ်လွန်သွားခဲ့ရကြောင်း သိရှိရသည်။


"မနေ့က မြောက်ဦးမြို့နယ် ပရိန်ရွာတွင် လူ ၅ ဦးကျဆုံးပါတယ်။ ဘင်္ဂလီဗလီထဲမှာ သတ်ပြီး ထည့်ထားတဲ့ သုံးလောင်းထဲမှ တစ်လောင်းကိုဘဲ တောင်းလို့ရခဲ့တယ်။ နောက်နှစ်လောင်းကိုပြန်ရဖို့အတွက် စစ်တပ်နဲ့ရဲ ကိုအကြောင်းကြား ထားတယ်။ အဲဒီအလောင်းတွေကို ဒီနေ့ ဗလီထဲကထုတ်ပေးမယ် တစ်နေရာမှာစောင့် နေ၊ သူတို့လာပေးမယ်ဆိုပြီး ပြောလို့ ကျနော်တို့စောင့်နေကြပါတယ်။


ကျန်တဲ့တစ်လောင်းကတော့ ချောင်းထဲကို ဆင်းပြေးတုန်း လှံနဲ့လိုက်ပြီးအထိုးခံရတဲ့အတွက် ဒဏ်ရာရလို့ မျောပါ သွားတယ်လို့ သိရပါတယ်။ သူ့အလောင်းကတော့ မပေါ်သေးပါဘူး။ ယိုင်သည်ရွာမှ ဒဏ်ရာရသူ များက မြောက်ဦး ဆေးရုံကို ရောက်လိုက်၊ မင်းပြား ဆေးရုံကို ရောက်လိုက်နဲ့ ဖြစ်နေပြီးတော့ အခုမြောက် ဦးဆေးရုံမှာ မင်းပြားမှ ဒဏ်ရာရသူ နှစ်ဦး ရောက်နေပါတယ်။ " ဟု မြောက်ဦး ဒေသခံတစ်ဦးက ပြော သည်။

မြောက်ဦးအဓိကရုဏ်းတွင် သေဆုံးသူ(၈)ဦးရှိနေပြီဖြစ်ပြီး ပရိန်ကျေးရွာမှ တစ်လောင်း၊ ဇီးဇာကျွန်းမှ အခုတ် ခံရသောအလောင်း နှစ်လောင်း၊ မင်းပြားဆေးရုံတွင် တင်ထားသော တစ်လောင်းမှာ သေဆုံး သွားပြီး ပရိန်အဓိကရုဏ်းတွင် ဒဏ်ရာရသူ (၁၀)ဦးမှာ မြောက်ဦးဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသ နေရပြီး (၃)ဦးမှာ အခြေအနေဆိုးနေကြောင်း သိရှိရသည်။


 သေဆုံးသွားသူများ၏ မျက်နှာများမှာ ဓါးခုတ်ဒဏ်ရာများကြောင့် လုံးဝပျက်စီးနေပြီး အတိအကျသိနိုင်ရန်မှာ ဝတ်ထားသော အဝတ်အစားများကို ကြည့်ပြီးမှဆုံးဖြတ်နေရကြောင်း သိရှိရသည်။

အထက်ပါ အခြေအနေများကြောင့် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တွင် ပုဒ်မ ၁၄၄၊ ညမထွက်ရ အမိန့် ထုတ်ပြန် ထားကြောင်း သိရှိရသည်။




Arakan times သတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်