Wednesday, October 24, 2012

"နိုင်ငံရေးအရ မလိုလားတဲ့သူတွေကို ဆင်ချေပေးပြီး ဖမ်းနိုင်သောဥပဒေ များကို ဖျက်သိမ်းရမည် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို"

Posted by drmyochit Wednesday, October 24, 2012, under | No comments


 
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်တင်သွင်းမည့် ပုသိမ်မဲဆန္ဒနယ်မှဦး ၀င်းမြင့် (ဒီချုပ်) က" ၁၉၇၅ ခုနှစ် တွင် ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၃ အဖြစ် ပြဌာန်း ခဲ့သော နိုင်ငံတော် အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပယ်ဖျက် ပေးပါရန် အဆိုတင်သွင်းမည် ဖြစ်ရာ " 'ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က "လူတွေရဲ့ အခွင့်အရေး တွေကို ကန့်သတ်တဲ့ ဥပဒေဆိုရင် အားလုံးဖျက်သိမ်းရမှာပဲ၊ ပုဒ်မ ၁၀ တင် မဟုတ်ဘူး ပုဒ်မ ၅ လည်းရှိ သေး တယ်၊နောက်ပြီးတော့ ၁၇ ပေါ့၊စသဖြင့် နိုင်ငံရေးအရ ကိုမလိုလားတဲ့သူတွေကို ဆင်ချေပေးပြီးတော့ ဖမ်းနိုင်တဲ့ဥပဒေ မှန်သမျှပယ်ဖျက်သင့်တယ်လို့ ယူဆ ရမှာပဲ" ဟု ယနေ့ နံနက်ပိုင်းတွင် လွှတ်တော် အစည်းဝေး တက်ရောက် လာစဉ် ပြောသည်။ ထို့ပြင် ယနေ့ လွှတ်တော်ကို မေးခွန်း ၅ ခု ၊အဆို ၂ ခု နှင့် တိုင်းရင်း ဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို တစ်ပုဒ်ချင်းစီ အလိုက် ဆွေးနွေး အတည်ပြု မည် ဖြစ်ကြောင်း သိရသည်။


(Popular Myanmar News Journal)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်