Wednesday, October 24, 2012

အထမ်းသမားနှစ်ဦး စနောက်ရင်းဖြစ်တဲ့ သီရိမင်္ဂလာဈေးသစ်က လူသတ်မှု

Posted by drmyochit Wednesday, October 24, 2012, under | No comments



ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်ရှိ သီရိ မင်္ဂလာ ဈေးသစ်တွင် ကုန်တင်ကုန်ချ အထမ်း သမား နှစ်ဦး ခိုက် ရန် ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွား ခဲ့ကာ အသက် (၆၀) အရွယ်ရှိ အထမ်း သမားတစ်ဦး ပွဲချင်းပြီးသေဆုံး သွားကြောင်း သိ ရသည်။ 

ဖြစ်ပွားပုံမှာ အောက်တိုဘာ (၂၃) နေ့လည် (၁၂) နာရီ၊ (၂၀) မိနစ် ခန့်တွင် အသက် (၆၀) အရွယ်ရှိ လူတစ်ဦးနှင့် အသက် (၃၀) ကျော်အရွယ်ရှိ  ထိုနှစ်ဦးသားမှ အခြေအတင် စကားအပြန်အလှန် ပြောဆို ရာမှ အခင်းဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။

 အသက် ၃၀ အရွယ်လူငယ်မှ (၆) လက်မရှိ အပ် အချွန်ဖြင့် ထိုးလိုက်ရာ အဘိုးကြီး လဲကျကာ ကြမ်းပြင် နှင့် ဦးခေါင်း ထိမိ၍ နေရာတွင် ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။

 “အသက် ၃၀  အရွယ်လူက အသက် ၆၀ အရွယ်ရှိတဲ့သူ နောက်မှာ လွယ်ထားတဲ့အိတ်ကို လုတာ ကိုတွေ့ တယ်။ အသက် ၆၀ အရွယ်လူက ထွက်ပြေးတော့ အသက် ၃၀ လောက်ရှိတဲ့သူက ကန်လိုက် တယ်။ ဟိုလူလဲသွားတဲ့ အချိန်မှာ အသင့်ပါလာတဲ့အချွန်နဲ့ ထိုးလိုက်လို့ လဲကျသွားတယ်။” ဟု မျက်မြင် တွေ့ရှိသူ တစ်ဦးက ပြောသည်။

သေဆုံးသွားသူမှာ သီရိမင်္ဂလာဈေးသစ်တွင် ကူလီထမ်းနေသူဖြစ်ပြီး ဈေးသည်များနှင့် ခင်မင်စွာ နေတတ် သူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

 “သေသွား တဲ့သူက ဈေးမှာ ကူလီထမ်း တဲ့သူ တစ်ဦးပါ။ သူက အရက်တော့ သောက်တယ်။ ဒါပေ မယ့် ဖော်ဖော် ရွေရွေ ပဲ။ အရင်က သူတို့နှစ်ယောက်က ရန်ငြိုးရန်စလဲမရှိဘူး။ သူတို့က အမြဲ စနောက် နေတာ ပဲ။” ဟု သီရိမင်္ဂလာဈေးတွင် ကူလီထမ်းသူတစ်ဦးက ပြောသည်။

 သီရီ မင်္ဂလာ ဈေးသစ်တွင် ပြဿနာ အမြဲလို လိုဖြစ်ပွား လျှက်ရှိ သော်လည်း ယခု အခါတွင်မူ လူသေဆုံး သည်အ ထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တရားခံအား ပိတောက်ချောင်းရဲစခန်းမှ သက်ဆိုင်ရာ ရဲများက ဖမ်းဆီး ထားပြီ ဖြစ်သည်။

မြစ်မခမီဒီယာ
လုဆိုင်း - ကချင်ပြည်နယ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်