Wednesday, October 24, 2012

ဟိုတယ် ၀န်ထမ်းအား ကိုယ်ထိလက်ရောက် စော်ကားခဲ့(ပါးရိုက်) မှုအပေါ် ဂျပန်နိုင်ငံသားမှ ၀န်ချတောင်းပန်ခဲ့ပြီး လျော်ကြေးငွေပေးအပ်

Posted by drmyochit Wednesday, October 24, 2012, under | No comments


ဟိုတယ်ဝန်ထမ်းအား ကိုယ်ထိ လက်ရောက် စော်ကားခဲ့မ အပေါ်ကျူးလွန်ခဲ့ သူ ဂျပန်နိုင်ငံသားမှ ၀န်ချ တောင်းပန် ခဲ့ပြီး လျော်ကြေးငွေပေး အပ်ခဲ့ သည့် သိန်း ၁၃၀အနက် သိန်း၁၀၀  အာလူမှု အဖွဲ့အစည်း များသို့ ပြန်လည် လှူဒါန်းခဲ့ကြောင်း အော့ခ်ခစ် ဟိုတယ်ဝန်ထမ်း မအေးအေးကြည်က ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။


““ သိန်း ၁၃၀ မှာ သိန်း ၃၀ က တရားရေးစရိတ်အဖြစ် ဟိုတယ်က စိုက်ပေးထားတဲ့ငွေမို့ ဟိုတယ် ကိုပြန်ပေး တာပါ။ ကျန်တဲ့သိန်းတစ်ရာကို ညီမပိုင်ငွေမို့အားလုံးလှူဒါန်းခဲ့ပါတယ်”” ဟု မအေးအေး ကြည်ကပြောသည်။


၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်က ဟိုတယ်သို့ လာရောက်တည်းခိုသည့် ဂျပန်နိုင်ငံသား မစ္စတာ အိုကာ အာဂျီ တာကာရှီမှ ပြင်ပမှ အမျိုး သမီး တစ်ဦးကို ဟိုတယ်သို့ ခေါ်ဆောင် လာသည့်အတွက် ဟိုတယ် စည်းကမ်းနှင့် မညီသဖြင့် တားမြစ်ခဲ့သည်တွင် ဂျပန်နိုင်ငံသားမှ မအေးအေးကြည် အားကိုယ် ထိလက် ရောက်(ပါးရိုက်ခဲ့)စော်ကားခဲ့ခြင်းအတွက် နှစ်ဦးနှစ်ဖက်တရားရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

““ အခုလို ၁၀ လကျော် တစ်နှစ်နီးပါး ဘာကြောင့် တရား ရင်ဆိုင် ခဲ့ရ သလဲ ဆိုရင် ညီမလို မဟုတ်ဘဲ ဆင်းရဲ နွမ်းပါးပြီး ဘာမှ အသိဥာဏ်မရှိတဲ့ မိန်းကလေးတွေဆိုရင် ဘယ်လိုဖြစ်မ လဲဆိုတဲ့ စိတ်ခံစားမှုနဲ့ လုပ်ဖြစ် တာပါ။ မြန်မာ မိန်းကလေးကို ဘယ်နိုင်ငံခြား သားကမှ ကိုယ်ထိ လက်ရောက် စော်ကား လို့မရဘူး ဆိုတာကို သိစေချင်လို့ပါ”” ဟု ၄င်းကပြောကြားသည်။

အဆိုပါ ကိစ္စရပ်များအတွက် ၀န်ချတောင်းပန်မှုကို အော့ခ်ခစ်ဟိုတယ် ခန်းမတွင် အောက်တိုဘာလ ၂၃ ရက်က မီဒီယာအချို့နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များရှေ့မှောက် တွင်ဆောင်ရွက်ခဲ့ပြီး ကိုယ်ထိ လက်ရောက် စော်ကား ခဲ့သည့် ဂျပန်နိုင်ငံသား မစ္စတာ အိုကာ အာဂျီတာကာရှီ မှ ယခုလို ဂျပန်နှင့်မြန်မာချစ်ကြည် ရင်းနှီးမှု တည်ဆောက်နေ သည့်အချိန်တွင် ယခုကဲ့သို့ မှားယွင်းမှုဖြစ်ပေါ်ခဲ့သည့်အတွက် ခွင့်လွှတ် ပေးပါရန် တောင်းပန်ပါကြောင်း ကာယကံရှင်မအေးအေးကြည်အား တောင်းပန်စကားဆိုခဲ့သည်။
““ လူအများရှေ့မှာ အခုလိုတောင်းပန်တဲ့အတွက် ညီမအနေနဲ့ကျေနပ်ပါတယ်”” ဟု မအေးအေးကြည်က အဆိုပါကိစ္စအပေါ်သူ့ခံစားမှုကိုပြောသည်။ နစ်နာကြေးရရှိခဲ့သည့် ငွေများအနက် ငွေသိန်း ၁၀၀ အား တိုင်းဒေသကြီးအမျိုး သမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ် အမျိုးသမီးရေး ရာအဖွဲ့၊ မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့၊ နှင့်ယင်း လက်အောက်ရှိ သားဖွား ခန်းတည် ဆောက်ရေး အတွက်၊ မျက်မမြင် ကျောင်း၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၊ နာရေး ကူညီမှု အသင်း၊ မြသိန်းတန် ဘုန်းတော်ကြီး ကျောင်းနှင့် လက်ခုပ် ကုန်းတိုက် နယ်ဆေးရုံ များသို့ ငွေကျပ် ၁၀ သိန်းစီ အသီးသီး ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။


ဥာဏ်လင်းအောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်