Wednesday, October 24, 2012

ယနေ့ ရခိုင်ပြည်အတွင်း အရေးအခင်း သတင်းအပြည့်အစုံ စုစည်းဖော်ပြချက်

Posted by drmyochit Wednesday, October 24, 2012, under | No comments



မြောက်ဦးမြို့နယ် ယိုင်သည် ရွာတွင် ယနေ့ တိုက်ခိုက်မူ ဖြစ်ပွားရာ ရခိုင်ဘက်က ၃ ဦးသေ ဆုံးပြီး အများ အပြား ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။ “ ယိုင်သည်ရွာမှာ ဒီကနေ့ မနက်ကတည်း ဖြစ်တယ်။ရခိုင် ဘက်က ၃ ဦးကျ တယ်။ ဒဏ်ရာ အများအပြားရတယ်။ တချို့ကိုလည်း မင်းပြားကိုသယ်သွား တယ်။ တချို့ကို လည်း မြောက်ဦး ဆေးရုံကို သယ်လာနေကြပါတယ်” ဟု ဆရာ ဦးကျော် ထွန်းအောင်က ပြောသည်။


ယိုင်သည်ရွာမှာ တစ်ရွာလုံးမီးရှို့ခံရပြီး မွတ်ဆလင်များဘက်မှ အထိအခိုက်နှင့် အကျဆုံးကို မသိရှိရ သေးကြောင်း သူက ပြောသည်။ မြောက်ဦးမြို့နယ် နာဂရာတွင်လည်း ယနေ့ ရခိုင် တိုက်ခိုက်သူများနှင့် စစ်တပ် နှင့် ထိပ်တိုက်တိုးရာ စစ်တပ်မှ ပစ်ခတ်၍ ရခိုင် (၂) ဦး သေဆုံးသွားကြောင်း ပန်းမြောင်းဒေသခံ တစ်ဦးက ပြောသည်။
“ အခု ညနေ ၅ နာရီထိပေါ့နော်။ အခြေအနေက တင်းမာနေတယ်။ စစ်တပ်က ပစ်ခတ်တဲ့ အတွက် ကျသွားတဲ့ ရခိုင် အလောင်း နှစ်လောင်းကို တောင်းနေတာ ခုထိ မပေးသေးဘူး။ အဲဒီမှာ ထိပ်တိုက် ဖြစ်နေပါတယ်။ ကျသွားတာက နာဂါရာ ဖြစ်ပါတယ်။
ရခိုင် လူအင်အားကတော့ ခြောက်ထောင်-  ခုနှစ်ထောင်ခန့်ရှိပါတယ်” ဟု သူက ပြောသည်။ မြောက်ဦး မြို့နယ် နာဂါရာ ကျေးရွာအနီးတွင် နာဂါရာ အောက်ရွာနှင့် နာဂါရာ ပြင်ရွာဟူ၍ မွတ်ဆလင် ကျေးရွာ (၂) ရွာရှိပြီး ရခိုင် များမှာ အဆိုပါ ကျေးရွာ အနီးရှိ နာဂါရာ ရခိုင်ကျေးရွာတွင် စုရုံးနေကြသည်ဟု ဆိုသည်။

ယမန်နေ့ ညဉ့်ကလည်း မင်းပြားမြို့နယ် စမ်းဘီရွာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မူကြောင့် မွတ်ဆလင် တစ်ဦးသေ ဆုံးခဲ့ကြောင်း သတင်း ရရှိသည်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် အဆိုပါ မီးရှို့ ခံခဲ့ရ သော ကျေးရွာများသို့ သွားရောက် ကြည့်ရှု့ခဲ့သည်ဟု သိရသည်။

နိရဉ္စရာသတင်းဌာနမှ ကူးယူဖော်ပြသည်။ 

မြောက်ဦး ဒဏ်ရာ ပြင်းထန်သူ ၃ ဦး စစ်တွေ ဆေးရုံရောက်

မြောက်ဦး မြို့နယ် အတွင်း ဖြစ်ပွားခဲ့သော နှစ်ဘက် တိုက်ခိုက် မှုအတွင်း ဒဏ်ရာရရှိသူ ရခိုင်လူမျိုး အထဲ မှ  ၃ ဦးကို ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ယူဆောင်လာခဲ့သည်။
ဒဏ်ရာဖြင့် ဆေးရုံ ရောက်နေသူ ကိုမောင်မောင်နိုင်။

သူတို့ သုံးဦးမှာ ဦးစိန်သာအောင်(၆၀)- လွန်းတောင်ကျေးရွာ၊ ကိုမောင်မောင်နိုင် (၃၀)- မောင်သာ ကုန်း ကျေး ရွာနှင့် မောင်ထွန်းစိန်(၂၅)- ကျောင်းတောင် ကျေးရွာတို့ ဖြစ်ကြသည်။ ဦးစိန်သာအောင်မှာ ၀ဲဘက် လက်နှင့် ရင်ဘက် တွင် ဓါးခုတ်ခံရကြောင်း၊ ကိုမောင်ထွန်းစိန်မှာ လှံစွပ်နှင့် အထိုး ခံရ၍ ၀မ်းဗိုက် ကနေ နောက် ကျောကို ဖေါက် ထွက်သွားကြောင်း၊ ကိုမောင်မောင်နိုင်မှာ ပခုံးနှင့် လက်တို့တွင် ဓါးဒဏ်ရာ ရှိခဲ့ သည်ဟု သိ ရသည်။
သူတို့ ဒဏ်ရာမှာ မစိုးရိမ်ရသော်လည်း တာရှည် ဆေးကုသမူ ခံယူရမည်ဟု သိရသည်။ ယမန်နေ့က ဖြစ်ပွား ခဲ့သော ပုရိန် တိုက်ပွဲတွင် ရခိုင်ဘက်က ၃ ဦးသေဆုံးပြီး ၇ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရ သည်။

နိရဉ္စရာသတင်းဌာနမှ ကူးယူဖော်ပြသည်။ 

ရခိုင်ပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ ဒေသတည်ငြိမ်မှု ပျက်ပြားနေသော မြောက်ဦးနှင့် မင်းပြား၌ ဒေသ တည်ငြိမ်မှု ရှိအောင် ကြိုးပမ်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ် စက်မှု/လျှပ်စစ် ၀န်ကြီး ဦးသာ လူချေ ဦးဆောင်သော ပြည်နယ် အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် ဒေသ တည်ငြိမ်မှု ပျက်ပြား နေသော မြောက်ဦး၊ မင်းပြား မြို့နယ် များသို့ သွားရောက်၍ ဒေသ တည်ငြိမ်ရေး အတွက် လုပ်ဆောင် နေကြောင်း သတင်း ရရှိသည်။
ယင်းကိုယ်စားလှယ်အဖွဲ့တွင် ပြည်နယ်အစိုးရ၀န်ကြီး ဦးမြအောင်နှင့် တာဝန်ရှိသူ တစ်ချို့ပါဝင်ကာ မနေ့ ညနေပိုင်း ကမြောက်ဦးသို့ ကားလမ်းဖြင့် လာရောက် ခဲ့ခြင်းဖြစ်သည်။ "ရွာတွေမှာ ရပ်ဖိ၊ ရပ်ဖတွေနဲ့ အစည်း အဝေးလုပ် တွေ့ဆုံပြီးတော့ ပြဿနာ တွေပြေလည်အောင်၊ ငြိမ်းချမ်းအောင် လုပ်ဖို့ ရောက် လာခြင်း ဖြစ်တယ်၊ ဖြစ်ကြပြီဆိုရင် မကောင်းပါဘူး။ စိတ်ရှည်ရှည်နဲ့ ဖြေရှင်းရမယ့် နည်းလမ်းတွေ ရှာတာ ကောင်း မယ်။" ဟု ဦးသာလူချေက အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။ သူကထပ်ပြီးတော့ "မနက် ကတည်းက မြောက် ဦး(RNDP) မြို့နယ် ဥက္ကဌနဲ့ မြို့မိမြို့ဖများအားတွေ့ဆုံခဲ့ပါတယ်၊ အခု မင်းပြား မြို့နယ်သို့ သွားရောက်နေပါတယ်၊ 
တည်ငြိမ် မှုပျက်ပြားနေတဲ့ ကျေးရွာတွေကိုလည်း ၀င်ရောက်ကြည့်ရှုနေပါတယ်"လို့ ဖြေကြားသွားခဲ့သည်။ သို့သော် တာဝန်ယူ ထားသော လုံခြုံရေးအရေအတွက် မေးမြန်းမှုကိုမူ ငြင်းဆိုဖြေကြား သွားခဲ့သည်။

RNDP(မြောက်ဦး)မြို့နယ်ဥက္ကဌ ဦးထွန်းလှိုင်က "မနက်က ဝန်ကြီးအဖွဲ့နဲ့တွေ့တယ် သေဆုံးသွားသူတွေရဲ့ အလောင်းကို ပြန်လည်ရရှိဖို့ ပြည်နယ်အစိုးရကိုယ်စားလှယ်အဖွဲ့မှ တာဝန်ယူဆောင် ရွက်ပေးပါ လို့ တောင်း ဆိုခဲ့ပါ တယ်။ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ထင်မြင်ပါ တယ်" လို့ပြောကြား သွားသည်။

ယခုပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် မနေ့က ကျောက်တော်မြို့နှင့် ပုဏ္ဏား ကျွန်းမြို့ တွင်လည်း မြို့နယ် အုပ်ချုပ်ရေး ခန်းမ၌ မြို့မိ၊ မြို့ဖ တစ်ချို့နှင့် တွေ့ဆုံခဲ့ပြီး မင်းပြား-မြောက်ဦး မြို့တို့ တွင် ဖြစ်ပေါ်နေသော ပြဿ နာများ မပြန့်ပွားရအောင် ကြိုတင်၍ အသိပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရ သည်။
Arakan Times သတင်းဌာန 

မြောက်ဦးမြို့နယ်အတွင်း ပဋိပက္ခ ယခုချိန်ထိ တည်ငြိမ်မှုမရှိသေး သေဆုံးမှုများရှိနေ 

ယနေ့သိရသော နောက်ဆုံးသတင်းများအရ မြောက်ဦးမြို့နယ်တွင် ဘင်္ဂလီတို့လက်ချက်ကြောင့် မီးလောင်မှု အနည်းဆုံး (၂)နေရာခန့် ဖြစ်ပွားလျှက်ရှိနေကြောင်း သတင်းရရှိသည်။ မီးလောင်မှု ဖြစ်ပွား နေသော နေရာ များမှာ ယိုင်သည်ရွာနှင့် သံလွင်ရွာတို့ဖြစ်ပြီး ခလရ(၅၄၀)မှ စစ်ဖက်ဆိုင်ရာလုံခြုံရေး အင်အား (၁၅)ယောက် စီခန့် ရောက်ရှိနေကြောင်း သိရှိရသည်။  အခင်းဖြစ်ပွားရာနေရာတွင် စစ်တပ်မှ ပစ်ခတ် နှိမ်နှင်းမှု တစ်ချို့ရှိခဲ့ရာ (၂)ဦးဒဏ်ရာရရှိပြီး၊ (၂)ဦးသေဆုံးသွားပြီဖြစ်ကြောင်း သိရှိရသည်။
သေဆုံးသူများမှာ ကိုဖြူမောင်ထွီး အသက်-၃၈၊ ဘ-ဦးတောလူချေ ဆင်ယိုင်ကျေးရွာနှင့် မောင်ခိုင်ဦး အသက်-၃၄၊ ဘ-ဦးမောင်သိန်း ဆင်ဖြူတော်ကျေးရွာတို့ဖြစ်ပြီး ဒဏ်ရာရသူ (၂)ဦးကို မင်းပြားဆေးရုံသို့ ပို့ဆောင် ထားရကြောင်း သိရှိရသည်။
"မြောက်ဦးတစ်မြို့လုံး အပြောင်းအပြန် ပြေးလွှားနေကြတယ်၊ ရခိုင်အိမ်နားက ဘင်္ဂလီတွေက ကိုယ်အိမ်ကို မီးရှို့ပြီးထွက်ပြေးကြတယ်၊ လုံခြုံရေးက အလွန်နည်းနေတယ်၊" လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (မြောက်ဦး)မှ ဦးအေးသန်းမောင်က အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။
မနေ့ကဖြစ်ခဲ့တဲ့ ပရိန်ရွာအကြမ်းဖက်မှုတွင် အနည်းဆုံး ရခိုင်(၅)ဦး သေဆုံးခဲ့ကြောင်း၊ မြောက်ဦးသို့ ရောက် ရှိနေသည့် ရခိုင်ပြည်နယ် စက်မှု/ လျှပ်စစ်ဝန်ကြီး ဦးသာလူချေက အတည်ပြု ပြောကြား သွားခဲ့ သည်။ ပရိန်ကျေး ရွာတွင် ရခိုင်အိမ်ခြေ(၃၀)ခန့်သာရှိပြီး ဘင်္ဂလီအိမ်ခြေ (၅၀၀)ကျော်ရှိသည်။ သေဆုံး သူထဲမှ အောင်မိုး အသက်(၃၀) (ဘီလူးကန်ရှေ့၊ မြောက်ဦးမြို့) ဆိုသူ အလောင်း ကိုသာ ပြန်လည် ရရှိ ထားပြီး ကျန်အလောင်း များမှာ ဘင်္ဂလီများ လက်ထဲတွင် ရှိနေသေးသည်။ ဒဏ်ရာရရှိသူ(၇)ဦးထဲမှ (၄)ဦး မှာ စစ်တွေပြည်သူ့ဆေး ရုံကြီးတွင် အတွင်း လူနာအဖြစ် ကုသမှုခံယူနေရသည်။
RNDP(မြောက်ဦး)မှ ဦးအေးသန်းမောင်က "ဘင်္ဂလီရွာနားက ရခိုင်ရွာတွေ တော်တော်ခံရဆိုးတယ်၊ ပြဿနာ မဖြစ်ခင် တည်းက ဘင်္ဂလီတွေဟာ ညဖက်ဆိုအုပ်စုဖွဲ့ပြီး နွားတွေခိုးတယ်၊ စပါးတွေခိုးတယ်။ ဟင်းခင်း (ယာခင်း)များ ကိုဖျက်ဆီးကြတယ်၊ အိမ်ခြေနည်းတဲ့ ရခိုင်ရွာတွေကို ညဖက်သွားရောက်ပြီးတော့
ရန်စကြတယ်။ ဖားအော်တာဘဲသိကြတယ်၊ မြွေကိုက်တာမသိကြဘူး" ဟု  ပြဿနာအရင်းခံကို အာရ်ကန် တိုင်းမ်စ်သို့ ပြောကြားသွားခဲ့သည်။
လက်ရှိနေရပ် အိုးအိမ်စွန့်ပစ်ပြီး ထွက်ပြေးလာသော ရခိုင်များမှာ မိမိဆွေမျိုး၊ အသိ မိတ်ဆွေ နေအိမ် များတွင် ခိုလုံနေကြရပြီး မြောက်ဦးမြို့ပေါ်တစ်ခုတည်းတွင် ဒုက္ခသည်တစ်ထောင်ကျော်သွားပြီဖြစ်ကြောင်း သတင်း ရရှိ သည်။
Arakan Times သတင်းဌာန 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်