Wednesday, October 24, 2012

ကချင် အနုပညာရှင် အသင်း ဖွဲ့စည်း

Posted by drmyochit Wednesday, October 24, 2012, under | No comments


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ် မနောကွင်း ဥယျာဉ် မဂျွယ်ခန်းမမှာ ပထမအကြိမ်အဖြစ် ကချင် အနု ပညာရှင် များအသင်း ကို ဒီကနေ့တရားဝင်ဖွဲ့စည်းလိုက်ပြီး မကြာခင်မှာ ဗဟိုကော်မတီအဖွဲ့ကို ရွေးချယ် မယ်လို့ သိရပါတယ်။
Photo: RFA
ကချင် အနုပညာရှင် အသင်းကို မြစ်ကြီးနားမြို့မှာ အောက်တိုဘာလ ၂၃ ရက်နေ့က ဖွဲ့စည်းလိုက်ကချင် အနုပညာရှင်အသင်း အစည်းအဝေးကို တက်ရောက်လာကြတဲ့ အနုပညာရှင်တစ်ချို့ဟာ မနက်ဖြန် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကချင် စစ်ဘေး ဒုက္ခသည်စခန်း တစ်ချို့ကို သွားရောက် ပြီးတော့ အဝတ် အထည်တွေ လှူဒါန်မယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အောင်မြင်အောင် ဆောင်ရွက်ကြမယ်လို့ မျှော်လင့်ကြောင်း နဲ့ အနုပညာရှင်တွေ အနေနဲ့ကတော့ တတ်နိုင်တဲ့ဖက်က ဒုက္ခရောက်နေသူ ပြည်သူတွေကို တနိုင်တပိုင် ကူညီသွားမယ်လို့ အဆိုတော် L လွန်းဝါက အာအက်ဖ်အေကို ပြောပါတယ်။
အခုဖွဲ့စည်းတဲ့ ကချင် အနု ပညာရှင်များ အသင်းဟာ ကချင် မျိုးနွယ် စုတွေ အားလုံးကို ကိုယ်စားပြု ဖွဲ့စည်း တာဖြစ်ပြီး မြန်မာ နိုင်ငံမှာရှိတဲ့ ကချင် တိုင်းရင်းသား အနု ပညာရှင်တွေ အဆိုတော်တွေ တင်သာ မကပဲ နိုင်ငံရပ်ခြားမှာ နေထိုင်သူတွေပါ ပါဝင်စည်းရုံးကြမယ်လို့ တက်ရောက်လာကြတဲ့ ကချင် တိုင်းရင်း သား အဆိုတော်တွေက ပြောပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်