လွတ်လပ်ရေး
ရပြီး အေးချမ်း တည်ငြိမ်လျက် ရှိသည့် ကချင်ပြည်နယ်သည် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှ
စ၍ ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို သိန္ဒီမြို့နယ်၌ ဖွဲ့စည်းခဲ့ပြီး သည့် အချိန်မှ
စတင်၍ ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားကာ ငြိမ်းချမ်းရေး ဆိတ်သုန်း ခဲ့ရသည်။
KIA
တွင် ကချင် လူမျိုးစုကြီး ၆ ခု ရှိသည့်အနက်မှ ဂျိန်းဖော လူမျိုးများကသာ အဓိကနေရာ ခေါင်းဆောင်
ပိုင်း များကို ချုပ်ကိုင်ထားပြီး ကျန်မျိုးနွယ်စု များအပေါ် သြဇာလွှမ်းမိုး ချုပ်ကိုင်
နေသဖြင့် အောက်ခြေ တပ်ဖွဲ့ဝင်များ အတွင်း သဘောထား ကွဲလွဲမှုများ မကြာခဏ ဆိုသလို ဖြစ်ပေါ်လျက်
ရှိသည်။
၁၉၆၈
ခုနှစ် မတ်လတွင် KIA တပ်မဟာ ၂ ၊ တပ်ရင်း ၄ မှ ဗိုလ်အဆင့် ရှိသူ ဦးစခုန် တိန့်ယိန်း
(လာချိတ် လူမျိုး) နှင့် လယောက်ဇေလွမ်း (လော့ဝေါ်လူမျိုး) တို့သည် KIA ခေါင်းဆောင် ပိုင်းတွင်
ဂျိန်းဖော မျိုးနွယ်စု တို့က လူမျိုးကြီး ၀ါဒကျင့်သုံးမှုကို ဆန့်ကျင်သည့် အနေဖြင့်
လာချိတ် နှင့် လော့ဝေါ် အများစု ပါဝင်သည့် အင်အား ၁၂၀၀ ဦးခန့် ခွဲထွက်ကာ တရုတ်နိုင်ငံသို့
သွားရောက်ပြီး ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ)နှင့် ပူးပေါင်းခဲ့ ကြသည်။ တစ်ဖက် တရုတ်နိုင်ငံမှ
လေ့ကျင့် ၊ ထောက်ပံ့မှုများ ပြုလုပ်ကာ ဗမာပြည် ကွန်မြူနစ် ပါတီ၏ လက်အောက်ခံ တပ်ရင်း
(၁၀၁) အဖြစ် ဖွဲ့စည်းပြီး ကချင်ပြည်နယ် ၊ တရုတ် - မြန်မာ နယ်စပ်၌ လှုပ်ရှား စေခဲ့သည်။
၁၉၇၀
ခုနှစ် ဗကပ နှင့် KIA တို့၏ နယ်မြေလု တိုက်ပွဲများတွင် ဗကပဘက်မှ ၀င်ရောက် တိုက်ခိုက်
ခဲ့ပြီး နောက် ၁၉၇၉ ခုနှစ်တွင် တပ်ရင်း (၁၀၁) အား ဗကပ စစ်ဒေသ (၁၀၁) အဖြစ် ပြောင်းလဲ
ဖွဲ့စည်းခဲ့ပြီး စခုန်တိန့် ယိန်းအား တပ်ရင်း(၁၀၁) စစ်ဒေသမှူး အဖြစ် တာဝန်ပေးအပ် ခဲ့သည်။
၁၉၈၉ ခုနှစ် အောက်တို ဘာ ၁၅ ရက်နေ့တွင် စစ်ဒေသ (၁၀၁)အား ဒီမိုကရေစီသစ် တပ်မတော် (ကချင်)
New Democratic Army (Kachin) _ NDAK ဟု ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ခုနှစ် ဇန်န၀ါရီ
၁၃ ရက်နေ့တွင် တပ်ဖွဲ့ဝင် ၁၂၈၆ ယောက် ၊ လက်နက် ၁၁၅၀ လက်ဖြင့် အစိုးရ နှင့် ငြိမ်းချမ်းရေး
ရယူခဲ့သည်။
NDAK
NDAK
အဖွဲ့ နေထိုင်သည့် ချီဖွေ ၊ ပန်ဝါ ၊ ဆော့လော် ၊ ကန်ပိုက်တီး ၊ ဆဒုံး ဒေသတို့တွင် လော့ဝေါ်
၄၅.၄ ရာခိုင်နှုန်း ၊ လာချိတ် ၄၀ ရာခိုင်နှုန်း ၊ လီဆူး ၁၂.၆၄ ရာခိုင်နှုန်း ရှိပြီး ရ၀မ်
၊ ဇိုင်းဝါး ၊ ဂျိန်းဖော ၊ ရှမ်း နှင့် ဗမာ မျိုးနွယ်စု အနည်းငယ်စီ နေထိုင်ကြပါသည်။
NDAK အဖွဲ့ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် နယ်ခြားစောင့်တပ် အဖြစ် ဖွဲ့စည်းပေးခဲ့
ပါသည်။
KIA
တို့သည် နယ်ခြားစောင့်တပ်များ အခြေပြုရာ ပန်ဝါဒေသသည် တရုတ်နယ်စပ် တွင်တည်ရှိပြီး လမ်းပန်း
ဆက်သွယ်ရေး ကောင်းမွန်ခြင်း ၊ ဂျိန်းဖော မျိုးနွယ်စု တည်ရှိရာ တြိဂံဒေသနှင့် တဆက် တစပ်တည်း
တည်ရှိခြင်း ၊ သယံဇာတ ပေါကြွယ်သည့် စီးပွားရေး မက်လုံးများ ရှိခြင်း ၊ ရေအားလျှပ်စစ်
လုပ်ငန်းစီမံကိန်း များ၏ အဓိက နယ်မြေနှင့် ထောက်ပံ့ရေး လမ်းကြောင်းများ အချက်အခြာ ကျခြင်း
၊ လော့ဝေါ် ၊ လာချိတ် လူမျိုးများ အများစု နေထိုင်ကြပြီး လူမျိုးရေးအရ အားပြိုင်မှု ပြင်းထန်သည့်
ဒေသ ဖြစ်ခြင်း တို့ကြောင့် KIA သည် အဆိုပါ ပန်ဝါနယ်မြေအား သိမ်းပိုက်ရန် မကြာခဏ ကြိုးပမ်း
လာခဲ့ခြင်း ဖြစ်သည်။
KIA
အနေဖြင့် ပန်ဝါဒေသကို သိမ်းပိုက် နိုင်ပါက အင်ဂွန်လ နှင့် တနိုင်းခ တို့ကို ချိတ်ဆက်ကာ
မြစ်ကြီးနား မြောက်ပိုင်းအား ၄င်းတို့ ကချင်နယ်မြေ အဖြစ် ကြွေးကြော်ပြီး မူလ ရည်ရွယ်ချက်
ဖြစ်သော "၀မ်ပေါင် နိုင်ငံ ထူထောင်ရေး အိပ်မက် " အား အရိုက်ချိုးခံ ခဲ့ရပါသည်။
KIA အနေဖြင့် ပန်ဝါဒေသကို ထိုးဖောက်နိုင်မည့် စစ်ရေး အစီအမံများကို အကောင်အထည် ဖော်နိုင်ရေး
အတွက် တရုတ် - မြန်မာ နယ်စပ် ကျောက်တိုင် အမှတ် (၆) တစ်ဝိုက်တွင် ခြေကုတ်ယူ၍ ကြိုးပမ်းလျက်
ရှိသည်။
KIA
သည် လူမျိုးကြီး ၀ါဒကို ရှေ့တန်းတင် လာသည့်အပြင် ကျန်မျိုးနွယ်စု များအပေါ် ဖိနှိပ်မှု
များနှင့် တိုက်ခိုက် မှုများ ဆောင်ရွက်လာ သဖြင့် ကချင်ပြည်နယ် အတွင်း KIA အပေါ် ထောက်ခံမှုသည်
တဖြည်း ဖြည်း လျော့နည်း ကျဆင်း လာခဲ့သည်ကို တွေ့ရသည်။ ဒေသခံ ကချင်မျိုးနွယ်စု များနှင့်
အခြားတိုင်း ရင်းသား များ၏ ထောက်ခံမှု ကျဆင်းလာ သည့်အတွက် KIA ခေါင်းဆောင်များသည် ယင်းတို့၏
အာဏာ တည်မြဲရေး နှင့် ရေရှည် ရပ်တည် နိုင်ရေးအတွက် လက်နက်ကိုင် လမ်းစဉ်ဖြင့် ပြည်တွင်းစစ်
ကိုသာ ဇွတ်မှိတ် ဆင်နွှဲရန် ဆုံးဖြတ်ခဲ့ကြသည်။ လက်ရှိ အစိုးရနှင့် ငြိမ်းချမ်းရေး စေ့စပ်
ဆွေးနွေးမှုများအား အပေါ် ယံ ဟန်ပြလောက်သာ ဆောင်ရွက်လျက်ရှိပြီး စစ်ဆင်ရေးတွင် အသက်ရှူ
ချောင်ရန်သာ လုပ်ဆောင် နေသည်ကို တွေ့ရှိရသည်။
ထို့အပြင်
KIO ရှိ ဗဟိုကော်မတီဝင် များအကြားတွင် မျိုးနွယ်စုများ အချင်းချင်း ယုံကြည်မှု ကင်းမဲ့လာကာ
အပြိုင် အဆိုင် အာဏာလွန်ဆွဲမှု ၊ အားပြိုင်မှု များ ဖြစ်ပေါ်လျက် ရှိသဖြင့် ၁၉၆၈ ခုနှစ်
အဖြစ်အပျက် နည်း တူ ဦးစခုန်တိန့်ယိန်း နှင့် ဦးလဆန်အောင်ဝါ အဖွဲ့တို့ ခွဲထွက်သကဲ့သို့
KIA သောင်းကျန်းသူ အဖွဲ့ ပြိုကွဲ လာနိုင်သည့် အက်ကြောင်းများ ဖြစ်ပေါ် လာနိုင်ကြောင်း
သိရသည်။
(ပြည်ချစ်သား)
0 comments:
Post a Comment