Wednesday, October 24, 2012

လွတ်လပ်မှုကို ပိတ်ပင်တဲ့ ဥပေဒတွေ ဖျက်သိမ်းရမည်

Posted by drmyochit Wednesday, October 24, 2012, under | No comments



ပြည်သူတွေရဲ့ အခွင့်အရေး၊ လွတ်လပ် ခွင့်တွေကို ကန့်သတ်ထားတဲ့ ဥပဒေအား လုံးကို ဖျက်သိမ်း သင့် တယ်လို့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က အောက်တိုဘာလ ၂၃ ရက်နေ့ ဒီကနေ့ လွှတ်တော် ခေတ္တရပ်နားစဉ် သတင်းထောက်တွေရဲ့ မေးမြန်းချက်အပေါ် အခုလို ဖြေကြားခဲ့ပါတယ်။


“… ပြည်သူတွေရဲ့ အခွင့်အရေးတွေ လွတ်လပ်ခွင့်တွေကိုပေါ့နော် ကန့်သတ်တဲ့ ဥပဒေ တွေ ဆိုရင် အားလုံး ဖျက်သိမ်းရမယ်။ ပုဒ်မ ၁၀ တင်မဟုတ်ဘူး ပုဒ်မ ၅ လည်းရှိသေးတယ်ပေါ့နော်။ နောက်ပြီးတော့ ၁၇ စသဖြင့်၊ နိုင်ငံရေးအရ ကိုယ်မလိုလား တဲ့သူတွေကို ဆင်ခြေ ပေးပြီးတော့ ဖမ်းနိုင်တဲ့ ဥပဒေ မှန်သမျှ ဟာ ဖျက်သင့် တယ်လို့ထင်ပါတယ် ..” ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး  သူ့အနေနဲ့ စိုးရိမ် ပူပန်ကြောင်း၊ ဒီပြဿနာတွေ အမြန်ဆုံး ပပျောက်ဖို့အတွက် ဥပဒေစိုးမိုးမှု အရေး ကြီးကြောင်း လည်း သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်း ခွင့်ရ ရေးနဲ့ ပတ်သက်ပြီးတော့ တက္ကသိုလ်ဆိုတာ လူငယ်တွေကို ဘဝအတွက် ပြင်ဆင်ပေးတဲ့ နေရာ ဖြစ်တာ ကြောင့် သူ့အနေနဲ့ ဒီကိစ္စကို လွှတ်တော်မှာ အမြဲတမ်း တိုက်တွန်းသွားမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်ကဖြေကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီကနေ့ လွှတ်တော်မှာ ၁၉၇၅ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၃ မှာ ပြဌာန်း ထား တဲ့ နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်တဲ့ ဥပဒေကို ပယ် ဖျက်ပေးဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်က အဆိုတင်သွင်းတဲ့ အပေါ် ရခိုင် ပြည်နယ် ရသေ့တောင် မဲဆန္ဒ နယ်မှ ဒေါ်ခင်စောဝေ ကထောက်ခံပြီး လွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် အိန္ဒိယခရီးစဉ်နဲ့ပတ်သက်ပြီး လာမယ့်  နိုဝင်ဘာလ ၁၀ ရက်နေ့ မတိုင်ခင် သွားရောက် နိုင်မယ် လို့ ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။


RFA (မြန်မာပိုင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်