Wednesday, October 24, 2012

ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အိုသဘောတူ

Posted by drmyochit Wednesday, October 24, 2012, under | No comments

အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က သဘောတူ လိုက်ပြီလို့ ကေအိုင်အို ခေါင်းဆောင်တွေနဲ့ ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်း ရေး အကျိုးတော်ဆောင် အဖွဲ့ဝင်တွေက ပြောပါတယ်။


ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ကိစ္စ ကေအိုင်အို ဗဟိုကော်မတီဝင်အားလုံးနဲ့ မနေ့က ဆွေးနွေးရာမှာ သဘော တူညီမှု ရခဲ့တာဖြစ်ပြီး ဒီကိစ္စ အစိုးရကို ပြန်အကြောင်းပြန်ရမယ်လို့ လိုင်ဇာကို သွားရောက်ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။
နှစ်ဘက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကျင်းပဖို့ သဘော တူထားပြီး ကျင်းပမယ့် ရက်ကိုတော့ ရှေ့တန်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေတွေပေါ်မှုတည်ပြီး သတ်မှတ်သွားဖို့ ရှိနေတယ် လို့လည်း ပြောပါတယ်။

“ပထမအချက်ကတော့ နိုင်ငံတော်အစိုးရနဲ့ ကမ်းလှမ်းတဲ့အပေါ်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ သဘော တူတယ် လက်ခံပါတယ်ဆိုတာက တချက်။ ဒုတိယအချက်က ရွှေလီမြို့မှာ ဆွေးနွေးဖို့ သဘောတူပါတယ် ဆိုတာက တချက်။ တတိယအချက်က ရက်ကတော့ မသတ်မှတ်ရသေးဘူး။ ရက်သတ်မှတ်ဖို့အတွက်က ရှေ့တန်းမှာ စစ်မက်ဖြစ်ပွားနေတဲ့ အခြေအနေကို ပြန်သုံးသပ်ပြီးတော့မှ ရက်သတ်မှတ်ဖို့ကို ပြန် အကြောင်း ကြားမယ်လို့ ပြောပါတယ်။ ၂၉ ရက်နေ့က တွေ့ဆုံတုန်းက ကေအိုင်အိုဥက္ကဋ္ဌ ကိုယ်တိုင်က ပြောတာ ရှိပါတယ်၊ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးဖို့ သဘောတူတယ်ဆိုတာ။ အခုလည်း နိုင်ငံရေး နည်းလမ်း အရ ဆွေးနွေးဖို့ သဘောတူတဲ့ အခြေအနေပေါ့လေ။”

အစိုးရနဲ့ ကေအိုင်အိုတို့အကြား ပြီးခဲ့တဲ့မတ်လက ရွှေလီမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပ ခဲ့ပြီးက တည်းက ထပ်မလုပ်နိုင်သေးတဲ့အတွက် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ က ဆွေးနွေးပွဲတွေ ပြန်စနိုင် ဖို့ အရေး သွားရောက်ကြိုးပမ်းခဲ့တာပါ။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ကေအိုင်အိုအဖွဲ့ထံ အောက်တိုဘာ ၁၀ ရက်နေ့ နေ့စွဲနဲ့ စာပို့ ကာ ရွှေလီနဲ့ မူဆယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းထားပြီးဖြစ်ပါတယ်။

ကေအိုင်အို အဖွဲ့ကလည်း ဆွေးနွေးပွဲ ပြန်စဖို့ ကိစ္စနဲ့ ပတ်သက်တဲ့ သဘော ထားကို အကျိုး ဆောင်တွေက တဆင့် အစိုး ရကို စာပြန် ပေးပို့ ထားတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေး အကျိုး ဆောင်တွေ ကတော့ လာမယ့် အောက်တိုဘာ ၂၅ ရက်နေ့မှာ ကျရောက်မယ့် ကချင် လွတ်လပ်ရေး တပ်မတော် နှစ်ပတ်လည် အခမ်းအနားပြီးမှ ဆွေးနွေးပွဲ ပြန် စတင်နိုင်မယ်လို့ မျှော်လင့် ထားပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်